Wednesday, December 24, 2014

Sony Xperia Z Jellybean 4.2.2 Leaked Firmware တင်နည်းအပြည့်အစုံ

 
 Unlocked Bootloaders ပြုလုပ်ထားသည့်ဖုန်းများ သာ ပြုလုပ်နိုင်ပြီး CWM ရှိရပါမည်။
  Leaked Firmware ဖြစ်တဲ့အတွက် တချို့သော Functions များတွင်  Error တက်ရန်ရှိသည်..
   ဟုထင်ရပါသည်။

  ကျွှန်တော် စမ်းသတ်တာတော့ မည့်သည့် Error မှမတွေ့ပါ ..။အရင်ဆုံး Unlocked Bootloaders
 လုပ်ဖို့လိုအပ်ပါတယ်၊ Unlocked Bootloaders လုပ်ဖို့အတွက် အောက်ကပေးထားတဲ့
  Link ကနေ Download ရယူပါ၊



  Download

Unlocked Bootloaders လုပ်ထားပြီးဆိုရင် ဒီအဆင့်ကိုကျော်သွားလိုက်ပါ၊

Unlocked Bootloaders လုပ်မယ်ဆို Unlock Code ရဖို့ အရင်ဆုံး လုပ်ရပါမယ်၊ Unlock Code ကိုအောက်ကပေးထားတဲ့ Link ကနေတစ်ဆင့်သွားတောင်းရပါမယ်၊

http://developer.sonymobile.com/unlockbootloader/ 

Code တောင်းတဲ့ ဆိုဒ်ထဲကိုရောက်သွားပြီးဆိုရင် အောက်နားက Start Unlocking the Boot Loader
ကိုနိမ့်ပြီး Continue ပြီးရင် Yes,I m Sure ကိုရွေးပေးလိုက်ရင်  Legal Terms Page ကိုရောက်သွားလိမ့်မယ်.၊ Box နှစ်ခုကို ကလစ်နိမ့်ပြီး I Accept ကိုနိမ့်ပေးပါ၊ာ
Create Unlock Requect Page ထဲရောက်ရင်  Name,IMEI,E-Mail တွေဖြည့်ပေးရပါမယ်၊
IMEI နံပါတ်ကဖုန်းရဲ့နောက်ကျောမှာဓာတ်ခဲအောက်မှာရှိပါတယ်၊အဲမှာမကြည့်ချင်လဲ *#06#* Call
ကိုနိမ့်ပြီးလဲကြည့်နိုင်ပါတယ်၊တစ်ခုသတိထားရမှာက IMEI နံပါတ်က ၁၅ လုံးရှိပါတယ်၊ဒါပေမဲ့ ဆိုဒ်ထဲမှာ
ဖြည့်ပေးရမှာက ၁၄ လုံးပါ၊လွယ်လွယ်လေးပါ ၊နောက်ကတစ်လုံးကိုချန်ခဲ့လိုက်ပေါ့၊
အားလုံးဖြည့်ပြီးရင် Summit ကိုနိမ့်ပေးလိုက်ပါ၊

Unloak Code တွေ့ရပါပြီး၊သေချာမှတ်ထားလိုက်ပါ၊

*  Setting>Application>unknown sources ကို အမှန်ခြစ်ပါ
*  Setting>Application>Development>Usb debugging ကို အမှန်ခြစ်ပေးပါ

 Download လုပ်ထားတဲ့ ဖိုင်းကို ဖြည့် လိုက်ပါ ။

 fastboot_with_Android_USB_file နဲ့  drivers ဆိုတာကို တွေ့ပါလိမ့်မယ် ။ 

 အဲ့ဒီ File ၂ ခုကို လည်း Extract ထပ်လုပ်ထားပါ ။ 

fastboot_with_Android_USB_file ထဲက Fastboot က Unlock လုပ်ဖို့အတွက်  Folder ပါ ။

 Drivers ကတော့ S1Boot Fastboot Driver ကို စက်ကမသိရင် အသုံးပြုဖို့အတွက်ပါ ။

  မိမိ ဖုန်းကို (Shutdown) ပါဝါ ပိတ်လိုက်ပါ ။

 
Vol Up ကိုနိမ့်ပြီး  Usb ကြိုးနဲ့ Computer ကို ချိတ်ပါ၊

 
 မိမိလုပ်ဆောင်ချက် မှန်ကန်တယ် အောင်မြင်တယ်ဆိုရင် မီး အပြာ ရောင်လေး လင်းလာပါလိမ့်မယ် ။

  
 မီး အပြာ လေး လင်းလာပီး ခဏလေး နေရင် Driver ကို ရှာပါလိမ့်မယ် ။ 

သူ့ဘာသာ Auto ရှာပါလိမ့်မယ် ။ ရှာနေတဲ့ Driver က S1Boot Fastboot ဖြစ်ရပါမယ် ။
  
S1Boot Fastboot ကို ရှာတာမတွေ့လို့ အဆင်မပြေဘူးဆိုရင် ကိုယ့်ဘာသာ အပေါ်က

 Down တုန်းက ပါခဲ့တဲ့ Drivers Folder ကို ရှာပီးရွေးပေးလိုက်ရင်ရပါတယ် ။

  S1Boot Fastboot ကိုလည်း သိပီဆိုရင် Down ထားတဲ့ Folder ထဲက Fastboot ဆိုတဲ့


 Folder ထဲကို ဝင်ပါ ။ ပီးရင် Folder ထဲက နေရာလွတ် ၁ နေရာမှာ Shift+Mouse Right Click >Open 

command window here ကို ရွေးလိုက်ပါ ။ 

Command Prompt ၁ ခု တတ်လာပါလိမ့်မယ် ။ 

(Shift+Mouse Right Click >Open command window here ကိုဘာလို့ သုံးလည်းဆိုတော့ 

အခုဖွင့်ထားတဲ့ Fastboot Folder တည်နေရာကို တန်းရောက်ချင်လို့ပါ ။ 

Command သုံးနေကျမဟုတ် တဆင့်ချင်း သွားရင် အမှားများပီး ကြာနိုင်လို့ပါ )

 Command Prompt ပေါ်လာပီ ဆိုရင်  fastboot.exe -i 0x0fce getvar version  ဆိုတာ ရိုက်ပီး 


Enter နှိပ်ပါ ။

  နောက် ၁ ကြောင်းကတော့  fastboot.exe -i 0x0fce oem unlock 0x(Unlock Code) ဆိုတာ


 ရိုက်ပီး Enter ထပ်နှိပ်ပါ ။ 

 (  " (Unlock Code) ဆိုတဲ့နေရာမှာ Unlocking the boot loader page က စလုပ်ခဲ့ပီး နောက်ဆုံ 

ရလာခဲ့တဲ့ Unlock Code (or) ရလာတဲ့ Number ကို ပြောင်းပီး ဖြည့်ပေးရမှာဖြစ်ပါတယ် ။

 '(' ')' တွေကိုပါ မထည့်ရပါဘူး )

 ပြီးရင်  Enter ခေါက်လိုက်ပီ ဆိုတာနဲ့ Lock စတင်ပီး ဖြည်ပါပြီ ။

 
 OKAY [xx.xxs]
 finished. total times :xx.xxs


Finished ဆိုတဲ့ Message လေး ပေါ်လာပီ ဆိုရင်
Unlocked Bootloaders လုပ်ငန်းပြီးပါပြီး။

CWM မရှိရင်တင်ဖို့လိုပါသေးတယ်၊

၁ ။ CWM တင်ဖို့အတွက် CWM Install For Xperia Z.zip ကိုဖြည်ပါ ။ ဖြည်လို့ရလာတဲ့ Folder ထဲက boot.img ကို Copy ကူးပါ ။ ပီးရင် fastboot Folder ထဲထည့်ပါ ။ (* fastboot Folder က Unlock လုပ်တုန်းက အသုံးပြုခဲ့တဲ့ Folder လေးပါ)
 
  ၂။  unknown sources ရယ် Usb debugging ကို On ထားလားစစ်ပါ ။ 
      မိမိ ဖုန်းကို (Shutdown) ပါဝါ ပိတ်လိုက်ပါ ။
  ၃။ Computer မှာ တပ်ထားတဲ့ Usb ကြိုးနဲ့ ဖုန်းကို Volume - (down) နှိပ်ထားပီး ထိုးလိုက်ပါ ။
       မီးအပြာလေး လင်းလာပါလိမ့်မယ် ။ မီးအပြာလေး မလင်းဘူးဆို ပြန်လုပ်ပါ ။
  ၄။ fastboot Folder ထဲက နေရာလွတ် ၁ နေရာမှာ Shift+Mouse Right Click >
       Open  command     window here ကို ရွေးလိုက်ပါ ။ 
        Command Prompt ၁ခုတတ်လာပါလိမ့်မယ် ။ 
  ၅။ Command Prompt ပေါ်လာပီ ဆိုရင် fastboot flash boot boot.img ဆိုတာ ရိုက်ပီး Enter နှိပ်ပါ ။
      
 ၆။   Finished ဆိုတဲ့ Message လေး ပေါ်လာပီ ဆိုရင် 
       CWMတင်တာ အောင်မြင်စွာပြီးဆုံးသွားပြီ ဖြစ်ပါတယ် ။   
4.4.2  Firmware တင်ဖို့အတွက် ပထမဆုံး မိမိဖုန်းရဲ့ အရေးကြီး Data တွေကို backup လုပ်ထားပါ
USB debugging ကို  enable လုပ်ထားပါ၊
 Firmware ကို Download ရယူပါ၊

  DooMLoRD/xperia_z/Z-DooMLoRD-4.2.2-leak_407.zip in

Download ထားတဲ့ ဇစ်ဖိုင်ကို  Micro SD ကဒ်ထဲသို့ ထည့်ပါ၊ဖုန်းကို Usb ကြိုးကနေဖြုတ်ပါ ။ Power ဖွင့်ပါ ။ Sony Logo လေးပေါ်တဲ့အချိန်  မီးခရမ်း ရောင်လေး ပေါ်လာပါလိမ့်မယ် ။ မီးခရမ်း ရောင်လေး ပေါ်လာလာခြင်း Volume - (down) ကိုနှိပ်ထားပါ ။ CWM ထဲဝင်သွားပါလိမ့်မယ် ။

Recovery Mode ရောက်ရင်  update from zip ကနေ မိမိထည့်ထားခဲ့သော zip file ကို  install လုပ်ပေးလိုက်ပါ …

ဲပြီးရင် wipe the data and cache လုပ်ပြီး ဖုန်းကို Reboot System Now လုပ်လိုက်ပါ .
ြဲ ပြန်တက်လာရင် သင့်ရဲ့ဖုန်းကို  Android 4.2.2 Romအဖြစ်မြင်တွေ့ရပါပီ......
အဆင်ပြေပါစေဗျာ......

No comments:

Post a Comment